MyanPay ၏ Buyer Protection Policy ဆိုသည်မှာ Online မှ ဈေးဝယ်ယူမှုများအတွက် ငွေပေးချေမှုများတွင် ငွေပေးပို့သူ (Buyer/Sender) အတွက် Online မှတဆင့် မသမာသူများမှ လိမ်လည်မှုမရှိစေရန် နှင့် ငွေပေးပို့သူဖက်မှ နစ်နာမှုမရှိစေရန် ကာကွယ်ပေးထားသော Buyer Protection Policy ဖြစ်ပါသည်။
Buyer Protection Policy နှင့် ပတ်သက်၍ ငွေပေးချေသူ၊ ငွေပေးပို့သူ (Buyer/Sender) ဘက်မှ လိုက်နာရမည့် အချက်များ
- MyanPay အသုံးပြု၍ Online Shopping Website များတွင် ငွေပေးချေမှုများ ပြုလုပ်ပါက Buyer Protection Policy ဖြင့် အလိုအလျောက် ကာကွယ်မှုပေးထားပြီး ဖြစ်ပါသည်။
- ထို Transaction များအား လူကြီးမင်း၏ MyanPay အကောင့်တွင် ပြန်လည်စစ်ဆေးပါက “Send Money For Goods (via Express Checkout / Buy Now / Pay Now / Add to carts)” စသဖြင့် ဖော်ပြပေးထားပါလိမ့်မည်။
- အကယ်၍ လူကြီးမင်းအနေဖြင့် အခြားသူ တစ်ဦးတစ်ယောက် (သို့မဟုတ်) Merchant ထံမှ ကုန်ပစ္စည်းဝယ်ယူခြင်း၊ (သို့မဟုတ်) Service Provider ထံမှ ၀န်ဆောင်မှုရယူခြင်းတို့အတွက် လူကြီးမင်း၏ MyanPay အကောင့်မှ တိုက်ရိုက်ငွေပေးပို့၍ ငွေပေးချေလိုပါက “Send Money For Goods” (သို့မဟုတ်) “Send Money For Service” လုပ်ဆောင်ချက်ကို အသုံးပြုရပါမည်။
- ထိုသို့ အသုံးပြုမှသာ တိုက်ရိုက် ငွေပေးချေခြင်း၊ ငွေလွှဲခြင်းတို့အတွက် Buyer Protection Policy ဖြင့် ကာကွယ်မှု ရရှိမည် ဖြစ်ပါသည်။
- အကျဉ်းချုံးအနေဖြင့် MyanPay အသုံးပြု၍ ငွေပေးချေသူ၊ ငွေပေးပို့သူ (Buyer/Sender) သည် Buyer Protection Policy ဖြင့် ကာကွယ်မှု ရရှိစေရန်အတွက် ငွေပေးချေမှု Payment Transaction တိုင်းသည် “Send Money For Goods” (သို့မဟုတ်) “Send Money For Service” ဖြစ်ကြောင်း သေချာမှုရှိရပါမည်။
- ထို့ပြင် MyanPay အသုံးပြု၍ ငွေပေးချေမှု Transaction တိုင်းတွင် ငွေပေးချေမှု အတည်ပြုချက်အား သင့်ထံသို့ Email (သို့) Mobile SMS ဖြင့် One Time Password (OTP) ပေးပို့၍ အတည်ပြုချက် ရယူပါမည်။
- လူကြီးမင်းအနေဖြင့် MyanPay မှ ပေးပို့လိုက်သော One Time Password (OTP) ကို ပြန်လည်ထည့်သွင်းပြီးပါက သင်၏ ငွေပေးချေမှု သေချာကြောင်း အတည်ပြုမှတ်ယူ၍ ငွေပေးချေမှု လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
- ငွေပေးချေမှု လုပ်ငန်းစဉ်များ ပြီးစီးသွားပါက သင်၏ ငွေပေးချေမှု မှတ်တမ်းအား MyanPay မှ သင်ထံသို့ Email ပေးပို့ပါမည်။
- ထို Email အား ဖျက်မပြစ်ဘဲ သိမ်းဆည်းထားရန် လိုအပ်ပါသည်။
Buyer Protection Policy အား အသုံးပြု၍ ကာကွယ်မှု ရယူခြင်း၊ အငြင်းပွားမှု ဖြေရှင်းခြင်း
- လူကြီးမင်းအနေဖြင့် MyanPay အသုံးပြု၍ ငွေပေးချေပြီးနောက် ဝယ်ယူလိုက်သော ကုန်ပစ္စည်း ရောက်ရှိမလာခြင်း၊ ဈေးရောင်းသူ (Merchant) ဘက်မှ ပေးပို့လိုက်သော ကုန်ပစ္စည်းမှာ မှန်ကန်မှု မရှိခြင်း၊ ဝန်ဆောင်မှု မရရှိခြင်း၊ စိတ်ကျေနပ်မှု မရှိခြင်း စသည့် အဆင်မပြေမှုများရှိပါက MyanPay ၏ Buyer Protection Policy အား အသုံးပြု၍ ငွေကြေးဆုံးရှုံးနစ်နာမှု မရှိစေရန် ကာကွယ်မှု ရယူနိုင်ပါသည်။
- ထိုသို့ ပြုလုပ်ရန်အတွက် Online မှ ဈေးဝယ်ပြီးနောက် (သို့မဟုတ်) ငွေပေးချေပြီးနောက် (၃) ရက်အတွင်းတွင် လူကြီးမင်း၏ MyanPay အကောင့်အတွင့်းရှိ Problem Solving Center မှတဆင့် Complain တက်ရန် လိုအပ်ပါသည်။ (MyanPay ၏ Problem Solving Center အသုံးပြုနည်းအား ဤနေရာတွင် Click နှိပ်၍ လေ့လာ ကြည့်ရှုနိုင်ပါသည်။)
- လူကြီးမင်းအနေဖြင့် ငွေပေးချေပြီးနောက် (၃) ရက်အတွင်း Complain တက်ခဲ့ပါက (သို့မဟုတ်) အကြောင်းကြားခဲ့ပါက Buyer Protection Policy အရ MyanPay မှ တာဝန်ယူ ဖြေရှင်းပေးမည် ဖြစ်ပြီး (၃) ရက်အတွင်း အကြောင်းမကြားခဲ့ပါက ဖြေရှင်းပေးမည် မဟုတ်ပါ။
- MyanPay ၏ Buyer Protection Policy အသေးစိတ်နှင့် အငြင်းပွားမှု ဖြေရှင်းခြင်း Problem Solving လုပ်ဆောင်ပုံများကို သိရှိလိုပါက ဤနေရာတွင် အသေးစိတ် ဆက်လက် လေ့လာဖတ်ရှုနိုင်ပါသည်။