- MyanPay ၏ Seller Protection Policy ဆိုသည်မှာ Online မှတဆင့် ဈေးရောင်းသူ (Merchant/ Seller) များအတွက် မရိုးဖြောင့်သော ၀ယ်ယူသူ (Customer/Buyer) များ၊ မသမာသူများမှ လိမ်လည်မှု မရှိစေရန်နှင့် Chargeback ကဲ့သို့သော မလိုလားအပ်သည့် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် အမြဲစစ်ဆေးကာကွယ်ပေးထားသော စနစ် ဖြစ်ပါသည်။
- MyanPay မှ Online မှတဆင့် ဈေးရောင်းသူ (Merchant/Seller) များအတွက် အချိန်နှင့် ငွေကို ချွှေတာနိုင်ရန်နှင့် မလိုလားအပ်သော ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ငွေပေးချေမှု (Transaction) များနှင့် ၀ယ်ယူသူ (Customer/Buyer) များ၏ အချက်အလက်များအား အမြဲစစ်ဆေး အတည်ပြုပေးလျက်ရှိပြီး Seller Protection Policy များဖြင့်လည်း ကာကွယ်ပေးထားပါသည်။
Seller Protection Policy နှင့် ပတ်သက်၍ ကုန်ပစ္စည်းရောင်းချသူ၊ ၀န်ဆောင်မှုပေးသူ၊ ငွေလက်ခံသူ (Merchant/Seller/Recipient) ဘက်မှ လိုက်နာရမည့် အချက်များ
MyanPay အသုံးပြု၍ Online မှ ငွေပေးချေမှုများကို လက်ခံဆောင်ရွက်သော ကုန်ပစ္စည်းရောင်းချသူ၊ ၀န်ဆောင်မှုပေးသူ၊ ငွေလက်ခံသူ (Merchant/Seller/Recipient) များသည် MyanPay ၏ Seller Protection Policy ဖြင့် ကာကွယ်မှုရရှိစေရန်အတွက် အောက်ပါအချက်အလက်များကို ဆောင်ရွက်ထားရပါမည်။
သင်သည် Online Shopping မှတဆင့် ကုန်ပစ္စည်းရောင်းချသူ (Merchant/Seller) ဖြစ်ပါက –
- Seller Protection Policy နှင့်ပတ်သက်၍ ကုန်ပစ္စည်းရောင်းချသူ၊ ၀န်ဆောင်မှုပေးသူ၊ ငွေလက်ခံသူ (Merchant/Seller/Recipient) ဘက်မှ လိုက်နာရမည့် အချက်များ။
- ၀ယ်ယူသူ (Buyer) ထံသို့ ကုန်ပစ္စည်းပေးပို့ရာတွင် တိုက်ရိုက်ပေးပို့ခြင်း (Direct Delivery) ဖြစ်ပါက ၀ယ်ယူသူမှ ကုန်ပစ္စည်း လက်ခံပြီးကြောင်းကို အထောက်အထား သိမ်းဆည်းထားရပါမည်။
- အမြန်ချောပို့ (Express Maill Delivery) ၀န်ဆောင်မှုများမှတဆင့် ပေးပို့ခြင်း ဖြစ်ပါက ပေးပို့ထားကြောင်း လက်ခံ Receipt ကို သိမ်းဆည်းထားရပါမည်။
- ၀ယ်ယူသူ (Buyer) နှင့် တိုက်ရိုက်အဆက်အသွယ်ရှိပါက Email အပြန်အလှန်ပေးပို့မှုများအား ဖျက်မပြစ်ဘဲ သိမ်းဆည်းထားရပါမည်။ MyanPay မှ ပေးပို့ထားသော Email များကိုလည်း ဖျက်မပြစ်ဘဲ သိမ်းဆည်းထားရပါမည်။
- ၀ယ်ယူသူ (Buyer) ၏ ကုန်ပစ္စည်းအမှာစာ ရရှိသည်မှစ၍ ၀ယ်ယူသူ (Buyer) ထံသို့ ကုန်ပစ္စည်း ပေးပို့ပြီးသည်အထိ အချက်အလက်များအားလုံးအား သိမ်းဆည်းထားရန် လိုအပ်ပါသည်။
သင်သည် Online Service / Online Business ကိစ္စရပ်များအတွက် ငွေလက်ခံ၍ ၀န်ဆောင်မှုပေးသူ (Recipient) ဖြစ်ပါက –
- MyanPay ၏ ငွေတောင်းခံခြင်း (Request Money) လုပ်ဆောင်ချက်မှတဆင့် “Request Money For Goods” (သို့မဟုတ်) “Request Money For Service” အား ရွေးချယ်၍ ငွေတောင်းခံခြင်းအား ပြုလုပ်ရပါမည်။
- ထိုသို့ Request Money ပြုလုပ်ရာတွင် မည်သည့်အတွက်၊ မည်သည့်ဝန်ဆောင်မှုအတွက် ငွေတောင်းခံရခြင်း ဖြစ်ကြောင်းကို ငွေပေးပို့ရမည့်သူ (Sender) အား Message Box တွင် ရှင်းလင်းစွာ ထည့်သွင်း အသိပေးရပါမည်။
- ထို့ပြင် ငွေပေးပို့ရမည့်သူ (Sender) အား အရောင်းအ၀ယ်/ ၀န်ဆောင်မှုဆိုင်ရာ သဘောတူညီချက် (Terms & Conditions, Terms of Use, Terms of Service, Privacy Policy, Refunds Policy, Agreement) များကို ကြိုတင်အသိပေး၍ သဘောတူညီချက် ရယူထားပါမည်။
- ငွေပေးပို့ရမည့်သူ (Sender) နှင့် တိုက်ရိုက်အဆက်အသွယ်ရှိပါက Email အပြန်အလှန်ပေးပို့မှုများအား ဖျက်မပြစ်ဘဲ သိမ်းဆည်းထားရပါမည်။ MyanPay မှ ပေးပို့ထားသော Email များကိုလည်း ဖျက်မပြစ်ဘဲ သိမ်းဆည်းထားရပါမည်။
- ငွေပေးပို့ရမည့်သူ (Sender) နှင့် စတင်ဆက်သွယ်သည့်အချိန်မှစ၍ ၀န်ဆောင်မှု ဆောင်ရွက်ပြီးစီးသည်အထိ အချက်အလက်များအားလုံးအား သိမ်းဆည်းထားရန် လိုအပ်ပါသည်။
Seller Protection Policy အား အသုံးပြု၍ ကာကွယ်မှု ရယူခြင်း၊ အငြင်းပွားမှု ဖြေရှင်းခြင်း။
- MyanPay မှ ၀ယ်ယူသူ (Buyer) ၏ အမည်၊ မှတ်ပုံတင်၊ Email လိပ်စာ၊ ဖုန်းနံပါတ် စသည့် အချက်အလက်များကို အမှန်ကန်ဆုံး ဖြစ်အောင် စစ်ဆေးထားပါသည်။
- ၀ယ်ယူသူ (Buyer) ၏ ငွေပေးချေမှု သေချာစေရန်အတွက်ကိုလည်း အတည်ပြုချက် ရယူထားပါသည်။
- MyanPay စနစ် အသုံးပြုသောသူများကိုလည်း ယုံကြည်စိတ်ချရသော၊ မှန်ကန်သော သုံးစွဲသူများ ဖြစ်စေရန် အမြဲစီစစ် အတည်ပြုထားပါသည်။
- အကယ်၍ လူကြီးအနေဖြင့် MyanPay အသုံးပြု၍ ငွေပေးချေမှုအား လက်ခံ၍ ကုန်ပစ္စည်းသွားပို့ရာတွင် ၀ယ်ယူသူ (Buyer) ၏ လိပ်စာမှန်ကန်မှု မရှိခြင်း၊ ၀ယ်ယူသူ (Buyer) မှ Order မှာပြီး ကုန်ပစ္စည်း သွားပို့ရာတွင် ပစ္စည်းလက်မခံခြင်း၊ ၀န်ဆောင်မှုအတွက် ငွေပေးပို့သူ (Sender) ဘက်မှ Complain တက်၍ အငြင်းပွားမှု တစ်စုံတစ်ရာဖြစ်ပွားခြင်း၊ ငွေပေးချေသူအား ယုံကြည်စိတ်ချရမှု မရှိခြင်း စသည့် အဆင်မပြေမှုများအတွက် MyanPay ၏ Seller Protection Policy ဖြင့် အချိန်နှင့် ငွေကြေး နစ်နာမှု မရှိစေရန် ကာကွယ်မှု ရယူနိုင်ပါသည်။
- ထိုသို့ ကာကွယ်မှု ရယူထားရန် အတွက် Seller Protection Policy တွင် ပါဝင်သော “ကုန်ပစ္စည်းရောင်းချသူ၊ ၀န်ဆောင်မှုပေးသူ၊ ငွေလက်ခံသူ (Merchant/Seller/Recipient) ဘက်မှ လိုက်နာရမည့် အချက်များ” ကို ကြိုတင်လေ့လာ လိုက်နာဆောင်ရွက်ထားရပါမည်။
- ထိုသို့ ဆောင်ရွက်ထားရာမှ မမျှော်လင့်သော အငြင်းပွားမှု တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက Seller Protection Policy အရ MyanPay မှ အမြန်ဆုံး တာဝန်ယူ ကူညီဖြေရှင်းပေးသွားမည် ဖြစ်ပါသည်။
- MyanPay ၏ Buyer Protection Policy အသေးစိတ်နှင့် အငြင်းပွားမှု ဖြေရှင်းခြင်း Problem Solving လုပ်ဆောင်ပုံများကို သိရှိလိုပါက ဤနေရာတွင် အသေးစိတ် ဆက်လက်လေ့လာဖတ်ရှုနိုင်ပါသည်။