Security Policy

Security Policy



We, MyanPay, have been making effort to protect our customers with the application of security system. There are many stages to make self-protection of the customers. We are very willing to provide this information to you so that you may cooperate with us in order not to cheat and to protect your MyanPay account.

Password Policy

  • Not to utilize sharing with other people at anytime your MyanPay password.
  • The responsible person of MyanPay never asks for your password at anytime.
  • In the event of being suspicious of anyone’s application of your password, do contact urgently with your password to us.
  • Despite remembering easily by you, do select a password difficult for other people to be known.
  • In order to create password of safety standard, the best technique is to select a word comprising of two or three alphabets by adding two numerals or three at the end of the phrase. Avoid selection of noticeable words and dates as in nicknames, child names and date of birth.
  • In selecting your password, it is a good imagination and idea to make combination of small letters and large letters of the numerals.
  • For online services, such as hotmail or yahoo, don’t apply a single password.
  • For considerable websites, apply the single password makes your private material hack easily.

Secure Websites

In providing the imperative personal details such as bank account or credit card number in any website, check and ensure to treat your confidential information for the website. MyanPay is a secure and safe website. The website you are in use now can be tested for the security with the use of two ways. Do check and ensure https or not instead of http in the website URL. Do surf whether or not to have the bottom of the left side or right side of your browsers of such lock icon.

Email Security

MyanPay never send the email claiming for the financial elements or your password from you. In case the email to you is not sure from MyanPay or not, directly surf MyanPay Website www.myanpay.com.mm The suspicious email should not be pressed from any link. This security rate will provide assistance for ensuring the access to MyanPay. Your username and password are to be placed directly and only one website that is www.myanpay.com.mm

Data Security and Encryption

Your information, your processes, and financial status and their safety standard is the key to our job which has been attached great importance by MyanPay. Your confidential information will be acquired by MyanPay from your computer to us, secure sockets layer protocol (SSL) prior to surfing or registration to our website, our server will examine on application of your acknowledged browser (uses SSL). As soon as your confidential information arrives to us, it will be inserted in the server that has been constructed safely and tightly. Our server has set off electronic firewall, not directly communicating with the internet and so only computers permitted private data can be used for surfing.

MyanPay အသုံးပြုသူများ လိုက်နာဆောင်ရွက်ရမည့် Security Policy



ကျွန်ုပ်တို့ MyanPay အနေဖြင့် ကျွန်ုပ်တို့၏ Customerများကို များစွာသော လုံခြုံရေးစနစ်များ အသုံးပြု ၍ ကာကွယ်ရန် ကြိုးစားလျှက်ရှိပါသည်။ ကျွန်ုပ်တို့၏ Customers များဖြစ်သော သင်တို့အတွက် မိမိတို့ ကိုယ်မိမိတို့ ကာကွယ်နိုင်သော အဆင့်များစွာ ရှိပါသည်။ ကျွန်ုပ်တို့အနေနှင့် ဤသတင်းအချက်အလက်များကို သင်တို့အားပေးလိုပါသည်။ သို့မှသာလျှင် သင်တို့၏ MyanPay Account ကို လိမ်ညာခံရမှုမှ ကာကွယ်ရန် ကျွန်ုပ်တို့နှင့် အတူတစ်ကွ ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်သည်။

Password Policy

  • မည်သည့်အခါမှ သင်၏ MyanPay Passwordအား အခြားသူများနှင့် မျှဝေသုံးစွဲခြင်း မပြုပါနှင့်။
  • MyanPay မှ တာဝန်ရှိသူများသည် သင်၏ password အား မည်သည့်အခါမှ တောင်းဆိုမည် မဟုတ်ပေ။
  • သင့်အနေနှင့် သင်၏ password အား တစ်စုံတစ်ယောက်မှရယူ သုံးစွဲနေသည်ဟု သံသယရှိပါက သင့် password ကို ချက်ချင်းပြောင်းလဲပြီး ကျွန်ုပ်တို့နှင့် ဆက်သွယ်ပါ။
  • မိမိအနေနှင့် သတိရရန် လွယ်ကူသော်လည်း အခြားသူများ သိရှိရန် ခက်ခဲသော passwordတစ်ခု အား ရွေးချယ်ပါ။
  • လုံခြုံသော password တစ်ခု ပြုလုပ်ရန်အတွက် ကောင်းမွန်သော နည်းလမ်းတစ်ခု မှာ အက္ခရာ (၂)လုံး သို့မဟုတ် (၃)လုံးပါသော စကားတစ်လုံးကိုရွေးချယ်ပြီး စကားစု၏အဆုံးတွင် ဂဏန်း (၂)လုံး သို့မဟုတ် (၃)လုံးကို ထပ်ပေါင်းပါ။ nickname သို့မဟုတ် မိမိကလေးနံမည် မိမိမွေးနေ့၊ ကဲ့သို့သော သိမြင်လွယ် သည့် စကားလုံးများ၊ ရက်စွဲများကို ရွေးချယ်ခြင်းအား ရှောင်ရှားပါ။
  • သင်၏ password အား ရွေးချယ်ရာတွင် စကားလုံးအကြီးအသေးများနှင့် ဂဏန်းများအား ရောနှောပေါင်းစပ်ခြင်းသည် ကောင်းမွန်သော စိတ်ကူးပင်ဖြစ်သည်။
  • Hotmail သို့မဟုတ် Yahoo ကဲ့သို့သော အခြား online services အတွက် password တစ်ခုတည်းကို အသုံးမပြုပါနှင့်။
  • မြောက်များစွာသော website များအတွက် password တစ်ခုတည်းကို အသုံးပြုခြင်းသည် သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ခိုးယူရန် လွယ်ကူစေမည်ဖြစ်သည်။

Secure Websites

မည်သည့် website တွင်မဆို bank account သို့မဟုတ် credit card number ကဲ့သို့ အရေးကြီး သော ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ပေးရာတွင် website မှ သင်၏အချက်အလက် များကို လျှို့ဝှက်ထိမ်းသိမ်းပေးထားကြောင်း သေချာစေရန် စစ်ဆေးပါ။ MyanPay မှာ လုံခြုံရေးအတွက် စိတ်ချရသော website ဖြစ်ပါသည်။ သင့်အနေနှင့် သင်အသုံးပြုနေသော website လုံခြုံမှုရှိမရှိကို နည်းလမ်းနှစ်မျိုးနှင့် စမ်းသပ်နိုင်သည်။ Website URL မှာ“http” အစား “https”နှင့်စခြင်းဟုတ်မဟုတ်အား သေချာစေရန် စစ်ဆေးပါ။ ဤကဲ့သို့ lock icon မှာ သင့်browser၏ ဘယ်ဖက်အောက်ခြေ သို့မဟုတ် ညာဖက်အောက်ခြေတွင် ရှိမရှိကို ရှာဖွေပါ။

Email Security

MyanPay သည် သင့်ထံသို့ သင်၏ password သို့မဟုတ် အခြား ငွေကြေးဆိုင်ရာ အချက်အလက် များကို တောင်းဆိုသောemail အား မည်သည့်အခါမှ ပေးပို့မည်မဟုတ်ပေ။ အကယ်၍ သင့်ထံသို့ ရောက်ရှိလာသော email တစ်စောင်သည် MyanPay မှ ပေးပို့သည်ဟု မသေချာပါက MyanPay Website www.myanpay.com.mm သို့ တိုက်ရိုက်ဝင်ရောက်လာရမည်။ သင်သံသယရှိသော email ရှိ မည်သည့် link ကိုမှ မနှိပ်ပါနှင့်။ ဤလုံခြုံရေးစံနှုန်းသည် သင်မှ MyanPay သို့ ၀င်ရောက်လာကြောင်း သေချာစေရန် ကူညီပေးလိမ့်မည် ဖြစ်ပါသည်။ သင်၏ username နှင့် password တို့ကို ရိုက်ထည့်ရမည့် တစ်ခုတည်းသော websiteမှာ www.myanpay.com.mm ပင် ဖြစ်ပါသည်။

Data Security and Encryption

သင်၏ သတင်းအချက်အလက်များ၊ လုပ်ငန်းစဉ်များနှင့် ငွေကြေးဆိုင်ရာ အခြေအနေများ၏ လုံခြုံရေးမှာ ကျွန်ုပ်တို့လုပ်ငန်း၏ အဓိကအချက်ဖြစ်ပြီး MyanPay မှ ထိပ်တန်းဦးစားပေးသောအရာလည်း ဖြစ်သည်။ MyanPay မှ သင်၏လျှို့ဝှက်အချက်အလက်များကို သင်၏ကွန်ပျူတာမှ ကျွန်ုပ်တို့ထံသို့ Secure Sockets Layer protocol (SSL) ကို အသုံးပြုကာ ရယူမည်ဖြစ်သည်။ သင်မှ ကျွန်ုပ်တို့၏ website သို့ မှတ်ပုံတင်ခြင်း သို့မဟုတ် ၀င်ရောက်ခြင်းကို မပြုလုပ်မီ ကျွန်ုပ်တို့ Serverက သင့်၏ အတည်ပြုထားသော browser(uses SSL)ကို သုံးစွဲခြင်းရှိမရှိ စစ်ဆေးလိမ့်မည်။ သင်၏ လျှို့ဝှက် အချက်အလက်များ ကျွန်ုပ်တို့ထံသို့ ရောက်ရှိလာသည်နှင့် ၄င်းတို့ကို လုံခြုံရေးတင်း ကြပ်စွာတည် ဆောက်ထားသော server ထဲ၌ ထည့်သွင်းထားမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ server မှာ electronic firewall တစ်ခု ခံထားပြီး Internet နှင့် တိုက်ရိုက်ဆက်သွယ်ထားခြင်း မဟုတ်သဖြင့် သင်၏ ကိုယ်ပိုင်အချက်အလက်များကို ခွင့်ပြုထားသောကွန်ပျူတာများဖြင့်သာ ကြည့်ရှုနိုင်မည် ဖြစ် ပါသည်။